News

Home >> News

Explore your uniqueness in all senses of the word. We're ready to support you

💥 Mercury Marketing Agency ဟာ သင့်လုပ်ငန်းအတွက် ပြီးပြည့်စုံတဲ့ Marketing Services ကို ပေးစွမ်းနိုင်တဲ့ One Stop Marketing Agency တစ်ခုဖြစ်ပါတယ်။
💥အခုဆိုရင် Mercury ကိုယုံကြည်အားထားကြတဲ့ မိတ်ဖက်လုပ်ငန်းအသီးသီးတို့အတွက် project ဆိုင်ရာ activities တွေကို စတင်လုပ်ကိုင်နေကြပါပြီ။
💥Young, Innovative, Creative ဆိုတဲ့အတိုင်း မတူကွဲပြားတဲ့ အစီအစဉ်တွေ၊ လုပ်ဆောင်ချက်အသစ်အဆန်းတွေနဲ့အတူ ၂၀၂၁ အားမာန်အသစ်နဲ့ချီတက်ဖို့ Mercury အဖွဲ့သားအားလုံး Ready ဖြစ်နေပါပြီ။

Idea အသစ်အဆန်းတွေနဲ့ အောင်မြင်မှုတွေရယူဖို့ လူကြီးမင်းတို့ရဲ့ Businessအတွက် Mercury Marketing Agency ရှိနေပါပြီ။ Save your time &Join us!

(English version)

Hello everyone, This is Mercury Marketing Agency 💥
Here's a weekly update about the activities we're currently running for. ✨
Our agency, Mercury, is the one stop services to provide your business with remarkable marketing services and brings marketing to a whole new level .Though we've stepped recently in the early 2021, we could start running various activities with thankful trust of partner businesses. As we mentioned, we're young, Innovative and creative enough to bring your business at the top of the entire firm. Our hard work and expertise are committed to the sharp outcome.
We're so ready to hit 2021 with our best performance.
Save your time & Join us!

#Mercury_Marketing_Agency
#Digital_Marketing
#Social_Media_Agency
#One_Stop_Service

အဆင့်ကျော်လို့မရတဲ့ Marketing

အဆင့်ကျော်လို့မရတဲ့ Marketing ဆိုတော့ စိတ်ဝင်စားသွားပြီလား? ဟုတ်ပါတယ် Admin တို့ နေ့စဥ်ဘဝမှာလည်း အခြေခံ လုပ်ငန်း ဆောင်တာတွေက စလို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေးအထိ မကျော်သင့်တဲ့ အဆင့်တွေဆိုတာ ရှိပါတယ်။ အဲ့ဒီလိုပါပဲ Marketing မှာလည်း စနစ်တကျ တစ်ဆင့်ချင်းသွားရမယ့် အခြေခံ methods တွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင် 💥

📈Marketing Funnel

Marketing Funnel ဆိုတာ လိုရင်းတိုရှင်းပြောရမယ်ဆိုရင် သာမန် အမည်နာမတစ်ခုကနေ လူတွေရဲ့စိတ်ထဲမှာစွဲ မြဲသွားစေမယ့် Brand တစ်ခုဖြစ်အောင် တစ်ဆောက်ဖို့အတွက် ချမှတ်ထားတဲ့ Goalပဲ ဖြစ်ပါတယ်။

Effective ဖြစ်တဲ့Marketing Funnel တစ်ခုမှာ အဆင့် ၄ဆင့် ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် မကျော်ရဘဲ တစ်ဆင့်ချင်းသွားရမယ့် အဆင့် ၄ဆင့်ပေါ့။

1. Awareness

ပထမဆုံးအဆင့်အနေနဲ့ အရေးကြီးတာက awareness ပါ။ ကိုယ့်ရဲ့ Product တစ်ခုကို စျေးကွက်မှာ လူသိများလာဖို့၊ တစ်နည်းအားဖြင့် လူတွေ သတိပြုမိလာဖို့အတွက် awareness stage မှာ အရင်အားထုတ်ရမှာပါ။ ဒီအဆင့်မှာ Brand awareness ရဖို့အတွက် strategy တွေချမှတ်တာ၊ customers segments တွေခွဲတာ၊ market အခြေအနေကိုသုံးသပ်ပြီး Brand activities တွေ လုပ်ဆောင်တာတွေပါဝင်ပါတယ်။

2. Consideration

Brand awareness ရပြီး သွားပြီဆိုရင်တော့ Consideration အဆင့်မှာ Customers က ကိုယ့်ပစ္စည်းကို ဝယ်သင့်မဝယ်သင့် စဥ်းစားပါတယ်။ ဒီလိုအခြေအနေမှာ Marketer တွေဘက်ကနေ ကိုယ့်ရဲ့ Products knowledge တွေ၊ benefits တွေ၊ sources တွေကို ချပြသင့်ပါတယ်။ ဒီလိုချမပြဘဲ အဆင့်ကျော်ပြီး purchasing အဆင့်ကို သွားလို့မရပါဘူး။ Products အကြောင်း သေသေချာချာမသိရရင် ဘယ်လို customers ကမှ ကိုယ့် Product ကိုဝယ်မှာမဟုတ်ပါဘူး။ ဝယ်ဖြစ်ခဲ့ရင်လည်း တစ်ကြိမ်တစ်ခါပဲ ဖြစ်ပြီး နောက်ထစ်ခါထပ်ဝယ်ဖို့ မျှော်လင့်လို့မရတော့ပါဘူး။ အဲ့ဒီတော့ အဆင့်မကျော်ဖို့ အရမ်းအရေးကြီးပါတယ်။

3.Conversion

ကဲ လုံလောက်တဲ့ အချက်အလက်တွေ ပေးပြီးပြီဆိုရင်တော့ customers တွေဘက်က သူတို့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိရင် ကိုယ့် Productကို ဝယ်ပါတော့မယ်။ ကိုယ့် Product ကိုတကယ်စိတ်ဝင်စားလို့ ဒီထိ ရောက်လာပြီဆိုတော့ ကိုယ့်ဘက်ကလည်း သူတို့ရဲ့ Purchasing ကို ပိုပြီးခိုင်မာသွားအောင် လမ်းခင်းပေးရပါတယ်။ Product description တွေအပြင် အရင်သုံးဖူးတဲ့ customers တွေရဲ့ reviews တွေ၊ testimonials တွေကိုပါ ချပြနိုင်ရင်တော့ products တစ်ခုဟာ အောင်အောင်မြင်မြင်နဲ့ ရောင်းထွက်သွားမှာ ဖြစ်ပါတယ်။

4.Retention (Final Stage)

တော်တော်များများက Conversion stage ကိုနောက်ဆုံးအဆင့်ဆိုပြီးအထင်မှားတတ်ကြပါတယ်။ customers လက်ထဲကို ပစ္စည်းထည့်ပေးလိုက်ပြီး ပိုက်ဆံပြန်ရတာနဲ့တင် Marketing funnel က အပြီးသတ်မသွားပါဘူး။ customer ကနောက်တစ်ခေါက်ရော ကိုယ့်ဆီပြန်လာဝယ်ဦးမှာလားဆိုတဲ့ မေးခွန်းတစ်ခုမေးစရာရှိပါတယ်။ ဒါကြောင့်လည်း ဒီ Retentionအဆင့်ကို အခက်ခဲဆုံးလို့ပြောကြတာပါ။ ဒီအဆင့်မှာဆိုရင်တော့ marketer တစ်ယောက်က ကိုယ့်ဆီကနေ ပစ္စည်းဝယ်သွားတဲ့ customers တွေရဲ့ အသံတွေကို နားစွင့်နေရပါမယ်။ Feedback တွေကိုအမြဲလက်ခံ ပြီး ပိုပြီးကောင်းမွန်တဲ့ Funnel တစ်ခုအဖြစ် improve လုပ်နိုင်အောင် အမြဲ ကြိုးစားနေရပါမယ်။ ဒီလိုမျိုး တစ်ဆင့်ချင်း တစ်ဆင့်သွားမှသာ အောင်မြင်တဲ့ Marketing Funnel တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

📊💥သင်ကိုယ်တိုင်ရော အခုလိုမျိုး Marketing Funnel ကို တစ်ဆင့်ချင်း တစ်ဆင့် အကောင်အထည်ဖော်နေတာ သေချာပြီလား။ အဆင့်တွေကျော်ပြီး စနစ်တကျမရှိလို့ ကိုယ့်ရဲ့ Marketက ယိမ်းယိုင်နေပြီ ဆိုရင်တော့လူကြီးမင်းတို့ရဲ့ Brand တွေအတွက် လိုအပ်တဲ့ strategy တွေကို one stop service အနေနဲ့ တစ်နေရာထဲမှာ ပြီးပြည့်စုံအောင် လက်တွဲဖော်ဆောင်ပေးမယ့် Mercury Marketing Agency ရှိနေပါပြီ။

So don't miss to save your time and Join us!
#Mercury_Marketing_Agency
#Digital_Marketing
#Social_Media_Agency
#One_Stop_Service

Elon Musk ရဲ့ Personal Branding

၂၀၂၁ စစ်တမ်းအရ Elon Musk ဟာ Jeff Bezosကို ကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာဖြစ်လာပါတယ်။ Elon Musk ဆိုတာနဲ့ အားလုံးတွဲ မြင်ကြတဲ့ SpaceX Company အပြင် Paypal,Tesla,OpenAI, Neuralinkစတဲ့ Company တွေရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်လည်း ဖြစ်တာမို့ သူ့ရဲ့ Personal branding ကိုတော့ လျော့တွက်လို့မရပါဘူး။

Mercury Marketing Agency ကနေ Elon Musk ကို ဘီလျံနာတစ်ယောက်ဖြစ်စေခဲ့တဲ့ နောက်ကွယ်က အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Elon Musk အကြောင်းမစခင်အရင်ဆုံး Personal Branding ဆိုတာဘာလဲပြောပြပါမယ်။

🔰Personal Branding ဆိုတာ ကိုယ့်ရဲ့ Story ကိုအခြေခံပြီး ကိုယ့်ကိုယ်ကို Promote လုပ်တာ၊ တစ်နည်းအားဖြင့် ပြောရင် ကိုယ့်ရဲ့အမြင်၊ တန်ဖိုးထားမှုနဲ့ နှိုင်းယှဥ်ပြီး Publicကိုလွှမ်းမိုးနိုင်တဲ့ Influence ရှိတာမျိုးကို personal branding ကောင်းတယ်လို့ခေါ်ကြပါတယ်။

ဒါဆိုရင် Elon Musk တစ်ယောက် သူ့ရဲ့Personal Branding ကိုဘယ်လိုကောင်းအောင်တည်ဆောက်ခဲ့လဲဆိုတဲ့ အချက်(၃ချက်)ကိုပြောပြပေးပါမယ်။

1.Show your story with your brand

Brand တစ်ခုကို လူတွေစိတ်ထဲ စွဲမြဲနေစေတာ Brand ရဲ့ Features တွေက အဓိကမဟုတ်ဘဲ အဲဒီ Brand ရဲ့ Story က အဓိကပါ။ Elon Musk မှာ Products တိုင်းအတွက် သူ့story သူသီးသန့်ရှိပါတယ်။Tesla ဆိုတဲ့ electric car ပေါ်ပေါက်လာခဲ့ခြင်းဟာ Musk ရဲ့ လောင်စာဆီအစား လျှပ်စစ်အသုံးပြုပြီး မောင်းနှင်လို့ရတဲ့ ကားတွေကို လူသားတွေအတွက်ဖော်ဆောင်ပေးချင်တဲ့ story က အစပြုခဲ့ပါတယ်။ Tesla လိုပဲ တခြား Musk ထူထောင်ခဲ့တဲ့company တွေတိုင်းမှာ သီးသန့် story တွေရှိပါတယ်။

2.Make Your Audience a Part of Your Story

ဒုတိယတစ်ချက်အနေနဲ့ကတော့ ကိုယ်တည်ဆောက်ခဲ့တဲ့ Brand stories တွေထဲကို ကိုယ့်ပစ္စည်းကို ဝယ်ယူမယ့် audience တွေကိုပါ ပါဝင်လာအောင်ဆွဲခေါ်တာပါ။ ဥပမာအနေနဲ့ Musk ရဲ့ Tesla vehicle ကိုဝယ်ယူသုံးစွဲတဲ့ customer တွေအနေနဲ့ မူရင်း brand story ဖြစ်တဲ့ လူသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကိုဖော်ဆောင်ပေးမယ့် story ထဲမှာ အလိုလိုပါဝင်ပြီးသားဖြစ်သွားပါတယ်။ဒီလို sense မျိုး များများပေးနိုင်လေလေ ကိုယ့်ရဲ့ Branding ကအောင်မြင်လေလေ ဖြစ်ပါတယ်။

3.Commit to Your Brand as You do to Your Work

Elon Musk ရဲ့လူတွေအပေါ်အဓိက လွှမ်းမိုးနိုင်မှုဟာ သူရဲ့ အရည်အသွေး၊ အလုပ်အပေါ်ထားတဲ့ commitment ကနေလာပါတယ်။ သာမန်လူတွေ တစ်ပတ်ကိုပျမ်းမျှ နာရီ ၄၀လောက်အလုပ်လုပ်ပေမယ့် Musk ကတော့ တစ်ပတ်ကို နာရီ ၈၀ကျော်အလုပ်လုပ်တယ်လို့ပြောကြပါတယ်။ အားလုံးက သူ့ကို Fearless CEO, Risk King လို့ခေါ်ဝေါ်ကြတဲ့အထိ သူဟာ အလုပ်မှာ အခရာဖြစ်တဲ့ commitment ကို ကောင်းကောင်းပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Personal branding ကောင်းသူတစ်ယောက် ဖြစ်လာပါတယ်။

🔰Marketing နယ်ပယ်မှာလည်း Personal branding က အလွန်အရေးကြီးပါတယ်။ အထက်မှာပြောခဲ့တဲ့အချက်တွေအပြင် ကိုယ့်ရဲ့ Brand image အပေါ် audience ရဲ့ အထင်အမြင်တွေ၊ ကိုယ်ပေးချင်တဲ့ Value နဲ့ audience တွေ မျှော်လင့်ထားတဲ့ အရည်အသွေးတွေ ကိုက်ညီမှသာ Brand တစ်ခုဟာ market မှာ ရေရှည်တည်တံ့နိုင်မှာပါ။

ဒီလိုမျိုး Strategy ကောင်းကောင်းနဲ့ ကိုယ့်ရဲ့ Brand reputation ကို market မှာ ခိုင်ခိုင်မာမာနေရာယူချင်ရင်တော့ မိတ်ဆွေတို့ရဲ့ လိုအပ်ချက်တွေအတွက် Admin တို့ရဲ့ Mercury Marketing Agency က အဆင်သင့်ရှိနေကြောင်း သတင်းကောင်း ပါးလိုက်ချင်ပါတယ်။

So don't miss to save your time and Join us!
#Mercury_Marketing_Agency
#Digital_Marketing
#Social_Media_Agency
#One_Stop_Service