Mercury Media

Home >> Mercury Media

Famous People Profile

Michelle Obama - မဖြစ်နိုင်ဘူးထင်တာတွေကို ဖြစ်အောင်လုပ်ခဲ့သူ

ဒီအပတ်ရဲ့ Famous People Profile မှာ ရွေးချယ်ဖော်ပြမှာကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတကတော် Michelle Obama ပဲဖြစ်ပါတယ်။ မီရှဲလ် ပြောခဲ့ဖူးပါတယ်...“ရှုံးနိမ့်မှုဆိုတာ လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ပေးတဲ့ အောင်မြင်မှုရဲ့ တစ်ပိုင်းတစ်စပါပဲ။ ဒါကြောင့် ရှုံးနိမ့်ဖို့ မကြောက်ပါနဲ့ ။” လူငယ်တွေအနေနဲ့ မီရှဲလ်ဆီကနေ ဘာတွေလေ့လာသင်ယူနိုင်ပါသလဲ⁉️⁉️

"ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်တွေဆိုတာက ရောင်းချစရာမဟုတ်ဘူး ” ဆိုတဲ့ Telegram တည်ထောင်သူ Pavel Durov

"ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေဆိုတာက ရောင်းချစရာမဟုတ်ဘူး။ ပြီးတော့ လူ့အခွင့်အရေးဆိုတာကလည်း လောဘတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အပေးအယူမလုပ်သင့်ဘူး။” Pavel Durov လူငယ်တွေအတွက် Durov ဆီက အတုယူသင့်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ⁉️

Motivation & Inspriation

“အတော်ဆုံးသင်္ဘောသားဟုတ်၊မဟုတ်က မုန်တိုင်းတိုက်နေတဲ့မဟာသမုဒ္ဒရာထဲမှာပဲ စာမေးပွဲအစစ်ခံရလေ့ရှိတယ်”

“အတော်ဆုံးသင်္ဘောသားဟုတ်၊မဟုတ်က မုန်တိုင်းတိုက်နေတဲ့မဟာသမုဒ္ဒရာထဲမှာပဲ စာမေးပွဲအစစ်ခံရလေ့ရှိတယ်” (The best sailors are only tested in a stormy ocean.) လို့ ဆိုစကားရှိပါတယ်။ အခက်အခဲ၊ အကြပ်အတည်းတွေဆိုတာ တကယ်တော့ လူ့ရဲ့အရည်အချင်းနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုအားကို စမ်းသပ်တဲ့အရာတွေသာဖြစ်ပါတယ်။ ရှေးတရုတ်စကားမှာ အခက်အခဲ၊အကြပ်အတည်းကို “ဝေ-ကျီ့” လို့သုံးပါတယ်။ ဒါကတလုံးချင်းစီဆို “အန္တရာယ်”+”အခွင့်အလမ်း” လို့အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်လို “Every crisis is an opportunity” ဆိုတဲ့စကားနဲ့ ထပ်တူနီးပါးပါပဲ။ အခက်အခဲတိုင်းမှာ အန္တရာယ်တွေ အဆင်မပြေမှုတွေ ရှိသလို တချိန်ထဲမှာ အခွင့်အလမ်းတွေလည်းရှိလို့နေပါတယ်။ ဒီလိုပြောလို့ တိုင်းပြည်ရဲ့အခက်အခဲအကြပ်အတည်းမှာ အခွင့်အရေးရှာယူတတ်သူတွေကို အားပေးအားမြှောက်လုပ်တယ်မထင်စေချင်ပါဘူး။ ဒီလိုလူမျိုးတွေကတော့ ရွံစရာအခွင့်အရေးသမားတယောက်အပြင် မပိုပါဘူး။ ဒီနေရာမှာပြောချင်တဲ့ အခက်အခဲကို အခွင့်အလမ်းပြောင်းဖို့ဆိုတာက မိမိဘဝမှာကြုံတွေလာတဲ့ စိန်ခေါ်မှုတွေကို လက်မြှောက်အရှုံးမပေးပဲ အခွင့်အလမ်းအဖြစ်ရှုမြင်ပြီး မှန်ကန်တဲ့ကြိုးစားအားထုတ်မှုနဲ့ကျော်ဖြတ်ဖို့ပါ။

ဘဝက သံပုရာသီးပေးရင် သံပုရာရည်ဖျော်သောက်လိုက်ပါ ဆိုသလိုပေါ့။

အခုခေတ် လူတိုင်းနီးပါးသိကြတဲ့ အလီဘာဘာရဲ့တည်ထောင်သူ ဘီလီယံနာသူဌေးကြီးဂျက်မ ပြောခဲ့တာရှိပါတယ်။ “မင်းလက်မလျှော့သ၍ ကြိုးစားခွင့်နဲ့အခွင့်အလမ်းက ရှိနေပါသေးတယ်။ လက်လျှော့လိုက်ခြင်းကသာ အကြီးမားဆုံးကျရှုံးမှုပါ” လို့ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်၊ လက်မလျှော့သေးသမျှကာလပတ်လုံး အရာအားလုံးအတွက် ဖြစ်နိုင်ချေကရှိလို့နေပါတယ်။ လက်လျှော့လိုက်ပြီဆိုတာနဲ့ ပြီးဆုံးသွားပါပြီ။ ဘာနဲ့တူသလဲဆိုတော့ဈေးအတက်အကျအမြဲရှိတဲ့ ကုန်ပစ္စည်းတခုကို လှောင်ထားတဲ့ကုန်သည်တယောက်လိုပါပဲ။ သင်ဝယ်ထားတဲ့ပစ္စည်းက ဈေးကျကောင်းကျနေပါလိမ့်မယ်၊ ဒါပေမယ့်ထုတ်မရောင်းသေးသ၍ ဈေးစောင့်နေနိုင်သေးသ၍ သင်ဟာမရှုံးသေးပါဘူး။ ဂျက်မကိုယ်တိုင်က ဘဝမှာအကြိမ်ကြိမ်အငြင်းပယ်ခံခဲ့ရပါတယ်။ သူဟာတက္ကသိုလ်ဝင်ခွင့်သုံးကြိမ်ကျခဲ့တယ်၊ KFC အပါအဝင် ကျွမ်းကျင်မှုသိပ်မလိုတဲ့ အလုပ်ပေါင်း ၃၀ လျှောက်တာတောင် တခုမှမရခဲ့ဘူး၊ KFC မှာဆိုရင် လူ ၂၄ ယောက်အတူ လျှောက်တာမှာ သူတယောက်ပဲအလုပ်မရဘူးဖြစ်ခဲ့တယ်၊ ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်ကြီးကို ဆယ်ကြိမ်လျှောက်တာမအောင်မြင်ခဲ့ဘူး၊ အလီဘာဘာကိုစမယ်ဆိုတော့ သူ့မိဘဆွေမျိုးတွေ၊ သူငယ်ချင်းတွေကအစ သူအောင်မြင်မှာမဟုတ်ပါဘူးလို့ပဲ ထင်ခဲ့ကြတယ် စတဲ့စတဲ့ အထင်သေးခံရမှု၊ ငြင်းဆိုခံရမှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေအပေါ်မှာခံစားမနေပဲ ရှေ့ကိုဆက်ကြိုးစားနေလို့သာ ဒီနေ့ရဲ့ဂျက်မဖြစ်လာတာပါ။ ခုတော့ ဂျက်မဟာ စာပြန်သင်မယ်ဆိုရင်တောင် ဟားဗတ်ကငြင်းဆန်မယ်မဟုတ်တော့ပါဘူး။

မြန်မာမှာလည်း “ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုတဲ့စကားပုံရှိပါတယ်။ မပုကြွယ်နဲ့ခရုငယ်ထဲကခရုလေးလိုတမျိုး၊ အသက်ကြီးမှစာသင်ပေမယ့် ကျည်ပွေ့အတက်ပေါက်ခဲ့တဲ့ ရှင်ဒိသာပါမောက်တို့လိုတသွယ် “အကြိမ်ကြိမ်အခါခါကျရှုံးပေမယ့်၊ ယုံကြည်ရာတွေမစွန့်လွှတ်ခဲ့လို့” တနည်းအားဖြင့် လက်မလျှော့ခဲ့ကြလို့ အောင်မြင်မှုပန်းတိုင်ကိုလှမ်းကိုင်နိုင်ခဲ့ကြတဲ့သာဓကတွေဟာ ထုနဲ့ထေးရှိလို့နေပါတယ်။

လက်မလျှော့နဲ့ဆိုတဲ့နေရာမှာလည်း ပန်းတိုင်ကိုသာလက်မလျှော့ရမှာဖြစ်ပြီး နည်းလမ်းတွေကတော့ သင့်သလိုပြောင်းလဲဖို့လိုပါတယ်။ ဒီခရီးကို ဒီလမ်းနဲ့မရောက်တာသေချာနေရင်တောင် လမ်းမပြောင်းပဲ ဒီလမ်းနဲ့ဒီခရီးရောက်မှရမယ်ဆိုတာကတော့ ဇွဲရှိရာမကျပဲ မိုက်မဲရာသာကျမှာဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်း သိဒတ္တမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်နှစ်လုံးလုံးကျင့်ပြီး တရားထူးမရတော့ စဉ်းစားပါတယ်၊ “ဒီလောက်ပြင်းထန်တဲ့အကျင့်ကို ငါ့လောက်အတိုင်းအတာထိကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ရှေးကလည်းမရှိနိုင်ဘူး၊ ယခုလည်းမရှိနိုင်ဘူး၊ နောင်လည်းမရှိလောက်ဘူးဆိုတာ သေချာနေပြီ။ ဒီလောက်မှတရားထူးကိုမရဘူးဆိုရင် တရားထူးရမယ့်နည်းဟာအခြားနည်းလမ်းရှိရမယ် (သိယာနုခေါအညောမဂ္ဂေါဗောဓာရ- မဂ္ဂထွက်မြောက်ကြောင်းဗောဓိဉာဏ်၏ ဖြစ်ကြောင်းဟာ အခြားနည်းလမ်းရှိရဦးမယ်) လို့တွေးပြီး နည်းပြောင်းဖို့စဉ်းစားတော်မူပါတယ်။ ဒီလောက်အဆံုးစွန် လုပ်ကြည့်တာမဖြစ်မှတော့တော်ပြီ၊ ဆောင်နန်းသုံးရပ်ကိုပဲပြန်ပြီး ယသော်ဓရာဒေဝီနဲ့ပဲ မင်းစည်းစိမ်ခံစားတော့မယ်လို့ မတွေးပါဘူး။ ဗောဓိဉာဏ်ဖြစ်ကြောင်းဆိုတဲ့ ပန်းတိုင်အပေါ်မှာလက်မလျှော့ပဲ လမ်းပြောင်းပြီးပဲ ကြိုးစားပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၂၆၀၀ ကျော်ပြီဖြစ်တဲ့ သာသနာကိုတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သင်ဟာလည်း မြန်မာပြည်ရဲ့ဂျက်မဖြစ်နိုင်ပါတယ်။ ဘယ်လောက်ပဲ ဘဝကမျက်နှာသာမပေးပါစေ၊ အကြိမ်ကြိမ်အငြင်းပယ်ခံရပါစေ၊ ခက်ခဲကြပ်တည်းနေပါစေ၊ သင်ကိုယ်တိုင် သင့်ရဲ့ပန်းတိုင်ကိုလက်မလျှော့လိုက်မချင်း၊ စိတ်မလျှော့လိုက်မချင်း ရလဒ်ကမပြီးဆုံးသေးပါဘူး။ သင့်မှာအသက်ရှင်နေသ၍ ကြိုးစားခွင့်တွေ၊ ပြင်ဆင်လုပ်ကိုင်ခွင့်တွေ၊ သင့်ရဲ့ဘဝရည်မှန်းချက်ပန်းတိုင်နဲ့ အောင်မြင်မှုတွေကို ရယူဖို့အခွင့်အရေးတွေအများကြီးရှိပါတယ်။

"အသက်ရှည်ကျန်းမာအောင်နေပါ၊ ဘဝကိုအရှုံးမပေးပါနဲ့…ကိစ္စတွေကမဖြစ်သေးတာပဲရှိပါတယ်၊ အသက်ရှင်နေသ၍မဖြစ်နိုင်တာမရှိပါဘူး"

So far I have not lost a war yet. But I have certainly lost many battles. More than I can count.

လက်ရှိအချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေတွေကြောင့် မြန်မာလုပ်ငန်းရှင်အကြီး၊ အလတ်၊ အသေး၊ အငယ်အားလုံးကိုယ်စီ ကိုယ့်အတိုင်းအတာအလျောက် လခပေးရက်တွေကို ခက်ခက်ခဲခဲကျော်လွှားနေရတယ်ဆိုတာကို မာကျူရီမီဒီယာက နားလည်စာနာပါတယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ပဲကြုံကြုံ ကိုယ်ယုံကြည်ရာရည်မှန်းချက်ပန်းတိုင်ကို နောက်မဆုတ်စတမ်း၊ အားမလျော့စတမ်း၊ ခိုင်မာတည်ကြည်တဲ့စိတ်ဓါတ်တွေနဲ့ အားတင်းဖြတ်ကျော်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ယနေ့ကမ္ဘာမှာအချမ်းသာဆုံးသူဌေးဖြစ်နေတဲ့ Elon Musk တောင် သူ့ရဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီဟာ အကြိမ်ပေါင်းများစွာ ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကုန်ခါနီးမှာဆိုရင် ဒေဝါလီခံရဖို့ ၃ ရက်အလိုအထိကို ဆိုးဆိုးရွားရွားဖြစ်ခဲ့ဖူးပါတယ်။ Elon က “ကျွန်တော်အခုထိတော့စစ်ပွဲကိုမရှုံးသေးပါဘူး။ ဒါပေမယ့် တိုက်ပွဲအကြီး/အသေးတွေတော့ အများကြီးရှုံးဖူးပါတယ်။ ရေတောင်မရေတွက်နိုင်ပါဘူး” လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။ Tesla တင်မကပါဘူး၊ သူတပြိုင်နက်တည်ထောင်တဲ့ SpaceX ကလည်းကနဦးမှာ အာကာသဒုံးပျံယာဉ်တွေပျက်ကျလို့ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအချိန်မှာသာ လက်မြှောက်ခဲ့ရင် သူရဲ့ဘဝကပြီးသွားပါပြီ။ ကြုံလာရသမျှကိုအရှုံးမပေးခြင်းကြောင့်သာ နောက်ထပ် ၁၀ နှစ်အကြာမှာ Elon Musk ဟာ Tesla, SpaceX ကုမ္ပဏီတွေနဲ့ ကမ္ဘာမှာအချမ်းသာဆုံးသူဌေးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် “တိုက်ပွဲတွေရှုံးချင်ရှုံးပါစေ၊ စစ်ပွဲကိုတော့ လက်မြှောက်အရှုံးမပေးပါနဲ့။ စစ်ပွဲတခုလုံးကိုသင်အောင်မြင်ခဲ့ရင် တိုက်ပွဲဘယ်လောက်ရှုံးခဲ့တယ်ဆိုတာ အရေးမပါတော့ပါဘူး”။

"Decide your true color" ပတ်ဝန်းကျင်ရဲ့ပညတ်ချက်ကြောင့် သင်ဟာသင်ဖြစ်နေခြင်းကို ပြောင်းလဲစရာလိုပါသလား?

"Decide your true color" ပတ်ဝန်းကျင်ရဲ့ ပညတ်ချက်တွေကြောင့် သင်ဟာသင်ဖြစ်နေခြင်းကို ပြောင်းလဲစရာလိုပါသလား?? မာကျူရီမီဒီယာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ "ဇွန်လကို pride month အဖြစ်သတ်မှတ်ခဲ့ခြင်းအကြောင်း နဲ့ လူတွေထဲက လူတွေဖြစ်တဲ့ LGBTQ အကြောင်း" ပဲဖြစ်ပါတယ်။ အမုန်းတရားတွေနဲ့ ပြည့်နှက်လာတဲ့ ဒီကမ္ဘာကြီးမှာ လူတိုင်းက ကိုယ်သဘောကျတဲ့သူကို ချစ်မြတ်နိုးခွင့်တော့ ရှိသင့်တယ်မလား?

Tips & Tricks

ဘယ်အချက်တွေက Generation Z တွေကို ထူးခြားနေစေတာလဲ?

“တိုက်ပွဲတွေအများကြီးမှာ ရှုံးနိမ့်ဖူးပါတယ်။ အခုထိတော့ စစ်ပွဲတစ်ခုမှ မရှုံးနိမ့်ဖူးဘူးဆိုပေမဲ့ တိုက်ပွဲအမျိုးမျိုးကိုတော့ ရှုံးနိမ့်ဖူးတယ်။ ကျွန်တော်ရေတွက်နိုင်တာထက်ကို ပိုပါတယ်” ဆိုတဲ့ ကမ္ဘာ့အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Elon Musk မာကျူရီမီဒီယာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Elon Musk ရဲ့ အတွေးအမြင်တစ်ချို့ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ငွေကို ဘယ်လိုချွေတာသုံးစွဲရမလဲ??

ဝင်ငွေကောင်းတဲ့သူတိုင်း မချမ်းသာပါဘူး။ ငွေကို တန်ဖိုးထားတတ်ပြီး ဘယ်လို သုံးစွဲရမလဲ၊ ငွေကို ဘယ်လိုချွေတာရမလဲဆိုတာကို သိတဲ့သူတွေပဲ ချမ်းသာတတ်ကြပါတယ်။ မာကျူရီမီဒီယာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ငွေများများစုနိုင်ဖို့ "ငွေကို ဘယ်လိုချွေတာသုံးစွဲရမလဲ" ဆိုတဲ့ နည်းနာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ငွေက ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူး…... ငွေတွေ ဘယ်နားရောက်သွားမှန်းမသိဘူး…… ငွေကရှာရတာသာခက်တာ သုံးလိုက်ရင် ခဏလေး ဆိုတာမျိုး မိတ်ဆွေတို့ရော တွေးမိကြဖူးလား။ ဒါဆိုရင်တော့ မိတ်ဆွေတို့ရဲ့ အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ရင်း ကြိုးစားကြည့်လိုက်ရအောင်ပါ။

ရင်းနှီးမြှုပ်နှံမှုအမည်ခံ လိမ်လည်မှုများ”

လူတိုင်းဟာအလိမ်ခံရနိုင်ပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြားမှာ လူလိမ်လူညာတွေဟာ ပိုလို့တောင်ပေါတတ်ပါသေးတယ်။ မာကျူရီမီဒီယာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ အချိန်တိုအတွင်း သူဌေးတစ်ယောက်ဖြစ်စေမယ်လို့ ပြောတတ်ကြပြီး သင့်ဆီကငွေကို လိမ်လည်လှည့်ဖျား ယူတတ်ကြတဲ့ ဖြစ်စဉ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်တွေကတစ်ဆင့် သင်ခန်းစာယူပြီး အရာရာကို မိမိလောဘနောက်မလိုက်ဘဲဆန်းစစ်လေ့လာသုံးသပ်ပြီးမှ သတိထားလုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သင်သိပါသလား? ကမ္ဘာ့လူဉီးရေ သန်း ၆၀၀၀ ကျော်အတွက် ၆ လစာ အောက်ဆီဂျင်ကိုသာထုတ်လုပ်ပေးရမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃၈,၀၀၀ ဘီလီယံကုန်ကျနိုင်တယ်ဆိုတာကို??

သင်သိပါသလား? ကမ္ဘာ့လူဉီးရေ သန်း ၆၀၀၀ ကျော်အတွက် ၆ လစာ အောက်ဆီဂျင်ကိုသာထုတ်လုပ်ပေးရမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃၈,၀၀၀ ဘီလီယံကုန်ကျနိုင်တယ်ဆိုတာကို?? "သစ်ပင်၊သစ်တောတွေကတော့ ဒါကိုအခမဲ့လုပ်ဆောင်ပေးနေတာပါ"။ ဒါကြောင့်လူသားတွေအနေနဲ့ သူ့ကျေးဇူးကိုသစ်ပင်သစ်တောတွေကိုတန်ဖိုးထားတတ်ဖို့ ပြုစုပျိုးထောင်စိုက်ပျိုးတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။

ခက်ခဲကြပ်တည်းနေတဲ့ကာလမှာ မိမိငွေကို ဘယ်လိုစီမံခန့်ခွဲမလဲ??

ကိုဗစ်ကပ်ရောဂါဆိုးကြီးနဲ့အတူ လတ်တလောအခြေအနေတွေကြောင့် နေ့စဉ်သုံးစွဲဖို့အပြင် အပိုငွေ စုမိဆောင်းမိဖို့ အတွက် မလွယ်ကူတာကတော့ ဆင်းရဲချမ်းသာမရွေး ကြုံတွေ့ နေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မိမိရဲ့၀င်ငွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ လူတိုင်းသိထားသင့်တဲ့ အရာပဲဖြစ်ပါတယ်။ မာကျူရီမီဒီယာကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ "၀င်ငွေစီမံခန့်ခွဲနည်း ( ၅ ) မျိုး" ပဲဖြစ်ပါတယ်။